Silver Phoenix

Travels & Tours Co., Ltd.

Call Us: +95 9 73198847
+95 1 535906

Outbound Tours

Silver Phoenix has several Outbound Tour Packages going to places like Singapore, Malaysia, Thailand, etc. We can help you arrange more Outbound Tours customized to your needs and the places you like to visit.

SVPX0022014

ထိုင်းနိုင်ငံ ခရီးစဉ် ၄ ညအိပ် ၅ ရက်

ကမ္ဘာပေါ်တွင် ခရီးသွားအများစုကြိုက်နှစ်သက်သည့် ဈေးဝယ် ထွက်ရန်အကောင်းဆုံးသော သာယာလှပခေတ်မီဖွံ့ဖြိုးတိုးတတ် မှုများကို ဖေါ်ပြနေသည့် မြို့တော်အခင်းအကျင်းနှင့် မြန်မာလူမျိုးများနှင့် ယဉ်ကျေးမှုအနီးစပ်ဆုံးတူညီသည့် ထိုင်းနိုင်ငံသို့ ပျော်ပျော်ပါးပါး ခရီးစဉ်။

SVPX0042014

ဟနွိုင်း-ဟေလောင်း ( ၃ ညအိပ် ၄ ရက်ခရီးစဉ် )

အရှေ့တောင်အာရှ နိုင်ငံများထဲတွင် အေးချမ်းလှပပြီး နှစ်လိုဖွယ်လည်ပတ်စရာများကို ပိုင်ဆိုင်ထားသည့် ဗီယက်နမ်နိုင်ငံ သို့ ရက်တိုခရီးစဉ် အဖြစ်သွားရောက်နိုင်ပါပြီ။

Yangon -Bangkok -Sydeny

ရန်ကုန် - ဘန်ကောက် - ဆစ်ဒနီ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ညနေ(၁၉း၎ဝ)တွင် ထိုင်းအဲဝေးလေယာဉ်ဖြင့် စတင်ထွက်ခွာပါမည်။ ည(၂၁း၃ဝ)တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘုံမိ လေဆိပ် သို့ ရောက်ရှိပါမည်။ ည(၂၃း၅၉) သန်းခေါင်ယံ အချိန်တွင် သုဝဏ္ဏဘုံမိလေဆိပ်မှ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့သို့ထွက်ခွာပါမည်။

13 DAY – 12 NIGHT

ပြင်သစ်-ဂျာမနီ-နယ်သာလန်-ဘယ်လ်ဂျီယံ-ဆွစ်ဇာလန်-အီတလီ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြင်သစ်နိုင်ငံ ပါရီ (Paris) လေဆိပ်သို့ရောက်ရှိ၍ ဧည့်လမ်းညွှန်နှင့်တွေ့ဆုံပြီး ဟိုတယ်သို့ဝင်ရောက်ပါမည်။ ထို့နောက်ပါရီမြို့၏ ထင်ရှားသော ပြတိုက်များနှင့်မဖြစ်မနေသွားရောက် လည်ပတ် ရမည့်နေရာများဖြစ်သော Louvre ပြတိုက်၊ Champs-Elysees လမ်းမကြီး နှင့် Arc de Triomphe, Opera, Madeleine, Notre Dame Cathedral တို့ကို သွားရောက်လည်ပတ်ရန် ပို့ဆောင်ပေးပါမည်။ ညစာကို လက်ရာကောင်းမွန်သော စားသောက် ဆိုင်တွင် တည်ခင်းဧည့်ခံပြီး ဟိုတယ်တွင် ညအိပ်ရပ်နားပါမည်။

SVPX0032014

(၆)ညအိပ် (၇)ရက် စင်ကာပူ-မလေးရှား ခရီးစဉ် (စင်ကာပူ ၃ ရက်/မလေးရှား ၃ ရက်)

စကာင်္ပူနိုင်ငံက ဧည့်သည်တော်တော်များများကို တထောက်နားရာနေရာအဖြစ် အရှေ့တောင်အာရှ နိုင်ငံများ ကြားမှာ နာမည်ကြီးကျော်ကြားခဲ့သော်လည်း ယခုနှစ်များအတွင်း ထူးခြားစွာ ပြုပြင်ပြောင်းလည်းမှုများ ကြောင့်မိသားစုခရီးသွားများ၊တစ်ဦးတည်းစီးပွားရေးအရခရီးသွားခြင်းများအပြင် လက်ထပ်ပြီးကာစမောင်/မယ် များအတွက် အပန်းဖြေအနားယူ ပျော်ရွှင်စရာနေရာတစ်နေရာဖြစ်လာပါပြီ။ *Days (1)* Jetstar လေကြောင်းလိုင်းမှ ကြိုဆိုနုတ်ဆက်ပြီး ဧည့်သည်များကို 11:15 AM တွင် Check in ပြုလုပ်၍ အပြည်ပြည်ဆိုင်ရာ စင်္ကာပူလေဆိပ်သို့ ညနေ့ 3 :50 PM အချိန်ခန့်တွင်ရောက်ရှိပါမည်။ ဧည့်လမ်းညွှန်နှင့် ဒေသခံ စင်္ကာပူ Agent မှ လာရောက်ကြိုဆိုပါမည်။ Option: Singapore by Night ခရီးစဉ်ကို လိုက်ပါပို့ဆောင်ရန် ၁ နာရီကြိုပြောရမှာ ဖြစ်ပြီး အပိုကြေး 45 $ ကို ပေးဆောင်ရမှာဖြစ်တဲ့အတွက် ကျွန်တော်များ Company မှမရောင်းချပဲ (မိမိသဘော ဆန္ဒအတိုင်း ၀ယ်ယူနိုင်သော Option) အဖြစ်ထည့်ဝင်ရေးထားခြင်းဖြစ်ပါသည်။ မိမိရဲ့ Hotel 4 Star အဆင့် Hotel တွင်ညအိပ်တည်းခိုပါမည်။

Do you like a customised tour?

Address

No. C - 008, Narnattaw Street, Hnin Si Lane, Kamayut Township, Yuzana Highway Complex, Yangon, Myanmar

Tel. No.

(+95-1) 535 906
(+95-9) 731 988 47